ကမ္ဘာ့တရားထိုင်နေ့

 နောက်ခံသမိုင်းကြောင်း 

လူသားမျိုးနွယ်ကို ထိခိုက်ပျက်စီး နာကျင်စေတာကတော့ လူသားတွေကိုယ်တိုင် ဖန်တီးကြတဲ့ စစ်ပွဲတွေကြောင့် ဖြစ်ပါတယ်။ လူသားတွေရဲ့ သမိုင်းကြောင်းကို ကြည့်ကြည့်မယ်ဆိုရင် “စစ်ပွဲ လုံးဝမရှိတဲ့ အချိန်ကာလ” ဆိုတာ မရှိခဲ့ဘူး။ ငြိမ်းချမ်းရေးကတော့ လူသားတွေ အမြဲတမ်းရှာဖွေနေတဲ့ အရာဖြစ်တယ်။

၁၉၄၅ ခုနှစ် သြဂုတ်လ ၆-ရက်နေ့မှာ အလွန်အင်မတန် စွမ်းအားပြင်းတဲ့ ဗုံးတစ်လုံးဟာ ဟီရိုရှီးမားဒေသပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်။ ဒီဗုံးဒဏ်ကြောင့် လူတွေရာထောင်ချီ သေဆုံးခဲ့ကြတယ်။  ဒုတိယကမ္ဘာစစ်ရဲ့ စစ်ဘေးဒဏ်တွေကြောင့် စစ်ပွဲရဲ့ဆိုးရွားလှတဲ့ ဆင်းရဲဒုက္ခတွေကို လူတွေ သတိထားမိလာကြတယ်။ အဲဒါကြောင့်ပဲ ကမ္ဘာ့နိုင်ငံတွေအကြားမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့  UN ကို ဖွဲ့စည်းတည်ထောင် ခဲ့ကြတယ်။

၁၉၈၈ ခုနှစ်မှာ World Fellowship of Young Buddhists က ကျင်းပပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ “တရားထိုင်ခြင်းဖြင့် ငြိမ်ချမ်းရေးကို ဖော်ဆောင်ခြင်း” အကြောင်း ဆွေးနွေးခဲ့ကြတယ်။ တရားထိုင်တယ်ဆိုတာက လူသားအားလုံးနဲ့ သက်ဆိုင်တယ်။ ဘယ်သူမဆို တရားထိုင်ပြီး စိတ်ငြိမ်းချမ်းမှုကို ရယူနိုင်တယ်။ World Fellowship of Young Buddhists ကနေ နှစ်စဥ် သြဂုတ်လ ၆ ရက်နေ့ကို ကမ္ဘာ့တရားထိုင်နေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ တရားထိုင်ခြင်းဖြင့် စိတ်ငြိမ်းချမ်းမှုကိုရယူပြီး “ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းနဲ့  ငြိမ်းချမ်းတဲ့ ကမ္ဘာမြေ” ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

အတွင်းစိတ်ငြိမ်းချမ်းခြင်းမှ ကမ္ဘာမြေငြိမ်းချမ်းအောင် လုပ်ဆောင်ကြတဲ့ သမိုင်းမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ကြပါစို့။

ကမ္ဘာမြေငြိမ်းချမ်းဖို့ အတွင်းစိတ်အေးချမ်းခြင်းကနေ အစပြုပါတယ်။ တရားထိုင်ခြင်းကနေ အတွင်းစိတ်ငြိမ်းချမ်းမှုကို ရရှိနိုင်ပါတယ်။ စု‌ပေါင်းတရားထိုင်တဲ့အခါ အဖွဲ့ဝင်ပိုများလေ စွမ်းအားပိုကြီးလေပါ။ ဒါမှသာ ကောင်းမွန်တဲ့ စွမ်းအင်တွေကို ကမ္ဘာကြီးဆီကို ပေးဖို့ဖြန့်ဝေနိုင်မှာ ဖြစ်တယ်။

“အတွင်းစိတ်ငြိမ်းချမ်းခြင်းမှ ကမ္ဘာမြေငြိမ်းချမ်းခြင်းဆီသို့” ဆိုတဲ့ ခေါင်းစဥ်အောက်မှာ သင့်ကိုလည်း တရားထိုင်ဓာတ်ပုံရိုက်ပြီး ပေးပို့ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ “တရားထိုင်ဓာတ်ပုံ တစ်သန်း” စံချိန်ပြည့်သွားတဲ့အခါ ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်မှာ ဖြစ်ပါတယ်။

လုပ်ဆောင်ရန်

၁။ သင့်တင်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ပြီး တရားထိုင်နေသည့်ပုံကို တစ်ကိုယ်လုံးပေါ်အောင် ရိုက်ပါ။

၂။ ဓာတ်ပုံထဲတွင် နာမည်များ မရေးပါနှင့်။

၃။ သင်၏မူပိုင် မဟုတ်သော ကူးယူလာသော ဓာတ်ပုံများကို မပေးပို့ပါနှင့်။

အခုအချိန်မှစပြီး သြဂုတ်လ ၆ ရက်နေ့ အထိ www.meditationphoto.com ဝပ်ဆိုဒ်တွင် upload လုပ်နိုင်ပါသည်။

 ဓမ္မကာယကျောင်းတိုက်၏ အစီအစဥ်များ 

ဓမ္မကာယကျောင်းတိုက်မှာ နှစ်စဥ်နှစ်တိုင်း ကမ္ဘာ့တရားထိုင်နေ့ကို အခမ်းအနားပွဲများနှင့် ကျင်းပပါတယ်။ ဒီနှစ်မှာတော့ သြဂုတ်လ ၇ ရက်နေ့ဟာ ဓမ္မကာယကျောင်းတိုက်ကြီးမှာ လစဥ်ပထမအပတ် တနင်္ဂနွေနေ့တိုင်း ကျင်းပနေကျဖြစ်တဲ့ ဆွမ်းတော်ကြီးကပ် အခမ်းအနားပွဲနေ့ ဖြစ်နေပါတယ်။ ဒါကြောင့် သြဂုတ်လ ၆ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့တရားထိုင်နေ့ကို သြဂုတ်လ ၇ ရက်နေ့မှာ ကျရောက်တဲ့ ဆွမ်းတော်ကြီး ကပ်ပွဲနှင့်အတူတူ ကျင်းပမည်ဖြစ်ပါ၍ သင်ဟာ ဘယ်နေရာ ဘယ်ဒေသမှာ နေထိုင်သူပဲဖြစ်ဖြစ်၊ သြဂုတ်လ ၇ ရက်နေ့မှာ အတူတူတရားထိုင်ကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကမ္ဘာ့တရားထိုင်နေ့ကို ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အဖြစ် မြင်တွေ့နိုင်ပါတယ်။ လူ့စိတ်ဟာ ခန္ဓာကိုယ်အလယ်မှတ်မှာ တည်ငြိမ်စွာ တည်ရှိနေတဲ့အခါမှာ အတွင်းစိတ်အေးချမ်းမှုကို ရရှိပါတယ်။ လူသားအားလုံး အတွင်းစိတ်နှလုံး အေးချမ်းခြင်းကို ရရှိကြတဲ့အခါမှာ ငြိမ်းချမ်းခြင်းကလည်း ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် ကမ္ဘာမြေငြိမ်းချမ်းရေးဟာ တရားထိုင်ခြင်းနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။