ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်

ကလေးဘဝ

(၁၉၀၉) ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်ကို ၁၉၀၉ခုနှစ်၊ ဇန်နဝါရီ ၁၉ရက်နေ့တွင် နခွန်ချိုင်ဆီခရိုင် နခွန်ပထုံပြည်နယ်တွင် ဖွားမြင်ခဲ့တယ်။ သူမ၏ မိဘအမည်တို့မှာ  “ ပလိုင်နဲ့ ပန် ”ခွန်နွန်ယွန်ဖြစ်ကြပြီး သားသမီး ကိုးယောက်အနက်မှ ပဉ္စမမြောက် သမီးဖြစ်တယ်။

ဖွားဆရာကြီး၏ ငယ်နာမည်မှာ “ ချန် ” ဖြစ်ပြီး “ လ ” ဟု အဓိပ္ပါယ်ရပါသည်။ သူမ၏ အမျိုးနွယ်အမည်ကတော့ ခွန်နွန်ယွန် ဖြစ်ပါသည်။  အဓိပ္ပါယ်မှာ “ ဥဒေါင်းမွေး ” အမည်ရပါသည်။ ထိုခေတ်အခါက မိန်းကလေးများ စာလေ့လာတဲ့ ထုံးထမ်း စဉ်လာမရှိသောကြောင့် “ချန်”ဟာ ကျောင်းမတက်ခဲ့ပေ။ ထို့ကြောင့် သူမဟာ စာရေးတတ် ဖတ်တတ်ရန် သင်ယူဖို့ အခွင့်အရေး မရှိခဲ့ပေ။ သူမရဲ့ မိဘတွေဟာ လူလတ်တန်းစား လယ်သမားများ ဖြစ်ကြပါတယ်။

ချန်ဟာ သူမ၏မိဘများအား အိမ်မှုကိစ္စနှင့် လယ်ယာလုပ်ငန်းတို့တွင် ကူညီပေးခဲ့ပါတယ်။ သူမသည် အလုပ်ကြိုးစားသူဖြစ်ပြီး မနက် ၃နာရီ ၄နာရီကြားတွင် အိပ်ရာကထကာ မနက်မှ ညနေအထိ အလုပ် လုပ်သူဖြစ်တယ်။ ချန်ဟာ အလုပ်ကြိုးစားတဲ့အတွက် သူမ၏ သူငယ်ချင်းများက သူ့ကို သန်မာ (Iron Shin)  ဟူသောအမည်ပြောင်ပေးခဲ့တယ်။ သူမ မိသားစုရဲ့ လယ်ယာစပါးစိုက်ပျိုးခြင်းမှာ အရေးပါတဲ့သူဖြစ်ရခြင်းဟာ သူမအား သန်မာပြီး စိတ်ရှည်တတ်စေရန် တွန်းအားပေးခဲ့ပါတယ်။ နောက်ပိုင်း သူမရဲ့ ပါရမီဖြည့်ကျင့်ခြင်းမှာလည်း များစွာအကျိုးရှိစေပါတယ်။

ချန်ရဲ့ဖခင်ဟာ အရက်ကို ပုံမှန်သောက်သူဖြစ်တယ်။ အရက်မူးလာသောအခါတွင် သူမ၏မိခင်နှင့် မကြာခဏ စကားများရန်ဖြစ်ကြတယ်။ တစ်နေ့မှာ သူမ၏အဖေ မူးနေချိန်တွင် သူမ၏အမေက  စိတ်ဆိုးဒေါသထွက်သောကြောင့် “သူတစ်ပါး၏အသိုက်တွင် ကပ်နေသော ငှက်” လို့ အော်ခဲ့တယ်။ ချန်၏ မိခင်မိသားစုသည် ဖခင်ထက် ချမ်းသာတဲ့အတွက် ဖခင်ဖြစ်သူဟာ ထိုစကားအပေါ် ဒေါသဖြစ်ခဲ့တယ်။ ထို့ကြောင့် ချန်ရဲ့ဖခင်က “မင်းတို့အမေ ငါ့ကို ဆူပူကြိမ်းမောင်းနေတာ ကြားလား”လို့ ကလေးတွေကို မေးခဲ့တယ်။ ချန်ဟာ သူမမိဘတွေကို ရန်မဖြစ်စေချင်တဲ့အတွက် သူ့အမေက ဖခင်ကို ပြောတာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ထိုစကားကြောင့် သူမအဖေက အရမ်းဒေါသထွက်ပြီး “ဘဝ ၅၀၀ ဆွံ့အ,နားမကြားသူ ဖြစ်ပါစေ” လို့ ကျိန်ဆဲခဲ့တယ်။ မိဘများ၏စကားများဟာ မွန်မြတ်ပြီး အစွမ်းထက်တယ်လို့ ယုံကြည်တဲ့ ချန်ဟာ ထိုစကားကြောင့် အလွန်စိုးရိမ်သွားခဲ့ပါတယ်။

ချန်၏ဖခင် ကွယ်လွန်အနိစ္စရောက်ခြင်း။
(၁၉၂၁) ချန်သည် စပါးခင်းကို ပြုစုစောင့်ရှောက်နေစဉ်တွင် သူမ၏ဖခင် ကွယ်လွန်သွားခဲ့ပါတယ်။ အိမ်ပြန်ရောက်သောအခါ သတင်းဆိုးကြားရပြီး ဖခင်ဖြစ်သူကို ခွင့်လွှတ်ပေးဖို့ မတောင်းဆိုခဲ့မိတဲ့အတွက် ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ ဖခင်၏ကျိန်ဆိုခြင်းကို ကြောက်ရွံ့သောစိတ်ဟာ သူမ၏စိတ်ထဲတွင် အမြဲရှိနေခဲ့တယ်။ (ထိုအချိန်တွင် ချန်ဟာ အသက် ၁၂ နှစ်သာရှိသေးသည်)
ဝပ်ပါနမ်ဘာစီချရွန် ကျောင်းထိုင်ဆရာတော်     အကြောင်းကြားသိခြင်း။

 (၁၉၂၇) ချန်ဟာ ဓမ္မကာယတရားဟု ခေါ်သော တရားအားထုတ်ခြင်းကို သင်ကြားပေးသော ဆရာတော် ဝပ်ပါနမ်ဘာစီချရွန် (ဦးမွန်ခွန်ထေမုနိ, ၁၈၈၅-၁၉၅၉) ၏ သာလွန်ထူးခြားသော တရားထိုင်ခြင်း တန်ခိုးများအကြောင်း ကြားသိခဲ့ရပါသည်။ တရားအားထုတ်ခြင်းဖြင့် ထက်မြက်သော တရားထိုင်သူဟာ မိမိ၏ အတွင်းအဘိညာဉ်ခန္ဓာကို သုံး၍ နောက်ဘဝဘုံသို့ ကူးသွားနိုင်သည်။ ချန်သည် ၎င်းအား နောင်တမလွန်ဘဝတွင် သူမ၏ဖခင်ထံမှ ခွင့်လွှတ်မှုတောင်းခံရန် နည်းလမ်းတစ်ခုအဖြစ် မြင်ပြီး အနာဂတ်ဘဝများတွင် စွံ့အနားမကြားသူဖြစ်ပါစေဟူသောကျိန်စာမှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် ရှုမြော်ခဲ့သည်။ တစ်နေ့တွင် ဆရာတော်ကြီးနှင့် တွေ့ဆုံကာ တရားဓမ္မ ဗဟုသုတများ သင်ယူခွင့်ရရှိရန် ဆန္ဒရှိခဲ့သည်။ ထိုအချိန်မှစ၍ ငါးပါးသီလကို စောင့်ထိန်းခဲ့သည်။ (ချန်း အသက် ၁၈ နှစ်)

မူလဆရာတော်ဘုရားကြီးနှင့်တွေ့ဆုံရန် အခွင့်အလမ်းရှာခြင်း။

(၁၉၃၅) ချန်ဟာ  ဝပ်ပါနမ်ဘာစီချရွန်ဆရာတော်နှင့်တွေ့ဆုံဖို့ အခွင့်အလမ်းရှာရန်အတွက် သူမ၏မိသားစုကို ချန်ထားပြီး ဘန်ကောက်သို့ထွက်ခွာရန် ဆုံးဖြတ်ခဲ့တယ်။ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ သူ့အစ်ကိုကို မြေကွက်စတဲ့ ပိုင်ဆိုင်မှုတွေကိုလွှဲပေးပြီး၊ အဖိုးတန် ကျောက်မျက်ရတနာတွေအားလုံးကို သူမရဲ့မောင်နှမတွေဆီ လွှဲပေးခဲ့တယ်။ (ချန်ဟာ အသက် ၂၆ နှစ်ဖြစ်တယ်)။ 

ချန်ဟာ ဘန်ကောက်တွင် ဆွေမျိုးတစ်ဦးနှင့် နေထိုင်စဉ် Saphan Han နယ်မြေတွင် နေထိုင်သော ဒကာမကြီးဒေါ်လင့် (Madam Lib Sikanchananand) သည်  ဝပ်ပါနမ်ဆရာတော်၏ အနှစ် 20 ကြာ အလှူရှင်ဖြစ်ကြောင်း သိလိုက်ရပါတယ်။ ချန်၏ မိသားစုသည် ငွေကြေးအရ ထောက်ပံ့နိုင်သော်လည်း အိမ်မှုကိစ္စလုပ်ဖို့ ဒေါ်လင့် နဲ့အတူ အလုပ်လျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆရာတော်ဘုရားကြီး၏ အတွင်းအဝိုင်းသို့ ဝင်ခွင့်ရရန် ထိုနေရာ၌ တစ်နေ့တွင် တပည့်ဖြစ်ခွင့်ရရှိရန် ပြုလုပ်ခဲ့သည်။ အိမ်ရှင်ဒေါ်လင့်သည် ချန်ကို ငှားရမ်းရန် သဘောတူခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ချန်၏ ကြိုးစားအားထုတ်မှုနှင့် သစ္စာရှိမှုကြောင့် အိမ်ရှင်ဒေါ်လင့် ၏ ယုံကြည်မှုကို ရရှိခဲ့တယ်။

ဓမ္မကာယကို ခံယူပြီး ဖခင်ထံ ခွင့်လွှတ်ရန် တောင်းဆိုခြင်း။

ဒေါ်လင့်သည် ဝပ်ပါနမ်ဆရာတော်၏ ဦးဆောင်တပည့် ဆရာကြီးထောင်စု (TongsukSamdaengpan) ကို သူ့အိမ်တွင် တရားထိုင်နည်းသင်ကြားပို့ချရန် မကြာခဏ ဖိတ်ခေါ်ပါသည်။ ချန်၏ တောင်းဆိုချက်အရ ‌ဒေါ်လင့်သည် သူမအား တရားထိုင်သင်တန်းသို့တက်ခွင့်ပြုရန် သဘောတူခဲ့သည်။ ချန်သည် အိမ်မှုကိစ္စအားလုံး လုပ်ပြီးနောက် တန်းချိန်ပြင်ပတွင် နေ့တိုင်း တရားထိုင်ရန် အချိန်ရှာသည်။ သူမ၏ စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းမှုကြောင့် နောက်ဆုံးတွင် သူမသည် ဓမ္မကာယတရားကို ရရှိပြီးတဲ့နောက် ချန်ဟာ သူမ၏ဆရာကြီး ထောင်စု (Tongsuk )ကို ဘယ်လိုနည်းတွေနဲ့ တမလွန်ဘဝတွေကို ဖြတ်ကျော်ပြီး သူမ၏ဖခင်ကို ရှာဖွေနိုင်သလဲ ဟု မေးမြန်းခဲ့ပါသည်။ ချန်ဟာ သူမ၏ဆရာကြီးထောင်စု (Tongsuk) ၏အကူအညီဖြင့် သူမ၏ဖခင်ဟာ အရက်သောက်ခြင်းအကျိုးဆက်ကြောင့် ငရဲဘုံတွင် ကျရောက်နေ‌‌ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါသည်။ ချန်ဟာ သူမ၏ဓမ္မကာယကို သူ၏ခန္ဓာကိုယ်ဖြင့်ဖြတ်ကျော်ပြီး သူမ၏ဖခင်ကို သူ၏အပြစ်များကျေအေးပေးဖို့ တောင်းပန်ခဲ့ပါသည်။ သူမဟာ ဓမ္မကာယစွမ်းအင်ကို ကျော်ြဖတ်ပြီးတဲ့နောက် သူမ၏ဖခင်ကို သူလုပ်ခဲ့သော အပြစ်တွေအတွက် ပြန်လည်ပေးဆပ်ပြီး ရှေးဘဝကပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုတွေကို ပြန်လည်အမှတ်ရစေဖို့ ကူညီခဲ့ပါသည်။

ဆရာတော် ဝပ်ပါနမ်ဘာစီချရွန်နှင့် တွေ့ဆုံခြင်း။

(၁၉၃၈) ချန်သည် ဝပ်ပါနမ်တွင် တစ်လကြာ တရားထိုင်ခွင့်ရရန် မဒမ်လီထံမှ ခွင့်ပြုချက်တောင်းခဲ့ပါတယ်။ ခွင့်ပြုချက်ရသဖြင့် ဆရာကြီး Tongsuk ဟာ ဆရာတော်ကြီးထံ အရိုအသေပြုရန် သူမကို ခေါ်သွားခဲ့တယ်။ ချန်ဟာ လုံဖောကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်တယ်။ သူမကိုမြင်တဲ့အခါမှာ ဆရာတော်ဟာ  “တကာမ နောက်ကျမှလာတာပဲ” လို့ မိန့်တော်မူခဲ့တယ်။ ထိုသို့ပြောရခြင်းမှာ ဓမ္မကာယတရားကျင့်စဉ်မှာ အခြေခံရှိတဲ့ သူမကို အချိန်အကြာကြီးစောင့်နေခဲ့လို့ အခုလို ပြောလိုက်တာပါ။ ထို့နောက် ချန်ဟာ မည်သည့်စမ်းသပ်မှုမျိုး ရွေးချယ်မှုမျိုးကိုမျှ မေးမြန်းစစ်ဆေးခြင်းမခံခဲ့ရဘဲ အတန်းမြင့် ဓမ္မကာယ တရားစခန်းသို့ ချက်ချင်းစေလွှတ်ခြင်းခံခဲ့ရတယ်။ (ချန်းဟာ အသက် ၂၉ နှစ်ဖြစ်တယ်)

သာသနာ့ဘောင်ဝင်ခြင်း၊ တရားထိုင်ခြင်း၊ မြတ်ဗုဒ္ဓ၏ အဆုံးအမတရားများကို လေ့လာသင်ယူခြင်း။

ဝပ်ပါနမ်တွင် တစ်လကြာနေထိုင်ပြီးနောက် ချန်ဟာ သူမ၏ တရားထိုင်နည်း သင်ပြပေးသော ဆရာကြီးထောင်စု (Tongsuk Samdaengpan) နှင့်အတူ သာသနာ့ဘောင်ဝင်ခဲ့ပါတယ်။  သီလရှင်တစ်ပါးအနေနဲ့ ချန်ရဲ့ နေ့စဉ်ပုံမှန်လုပ်ထုံးလုပ်နည်းအလေ့အထဟာ နှစ်ပေါင်းများစွာကြာ အတူတူပင်ဖြစ်ပါတယ်။ နေ့စဉ်လုပ်ထုံးမှာ အဆင့်မြင့်ဓမ္မကာယ တရားထိုင်စခန်းတွင် တစ်နေ့လျှင် နှစ်ကြိမ် ခြောက်နာရီဆက်တိုက် တရားထိုင်ခြင်းဖြစ်ပါတယ်။ သူမဟာ ဓမ္မာကာယခန္ဓာဖြင့် မြတ်စွာဘုရား၏ တရားတော်များကို သင်ယူခဲ့ပါတယ်။ တရားမထိုင်တဲ့အချိန်တွေတောင်မှ သူမဟာ ရေချိုးခြင်း၊ သွားတိုက်ခြင်း၊ အစာစားခြင်းစသည် ပြုလုပ်ချိန်တိုင်း တရားကို အမြဲမပြတ် အောက်မေ့ဆင်ခြင်နေခဲ့ပါတယ်။

 “နှစ်ယောက်မရှိ”

 (၁၉၄၁) ၁၉၄၁ခုနှစ် ဒီဇင်ဘာလ အလယ်ပိုင်း၊ ဒုတိယကမ္ဘာစစ်အတွင်းလောက်မှာ အဆင့်မြင့် ဓမ္မကာယတရားကို လေ့လာဖို့ တရားထိုင်ခြင်းကို ၂၄ နာရီ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။ ထိုတရားထိုင်ခြင်းကို ၆ နာရီတစ်ကြိမ်အဖြစ် လေးကြိမ် ခွဲထားပါတယ်။ ဆရာလေးချန်ဟာ နေ့ စဉ် နေ့ပိုင်း ၆ နာရီ နှင့် ညပိုင်း ၆ နာရီ အဆက်မပြတ် တရားထိုင်ခဲ့ပါတယ်။ သူမရဲ့ အရာအားလုံးကို အကောင်းဆုံး လုပ်တတ်တဲ့ အကျင့်ကြောင့် ဆရာလေးချန်ဟာ အဆင့်မြင့် ဓမ္မကာယ တရားထိုင်ခြင်းမှာ ကျွမ်းကျင်လာခဲ့ပါတယ်။ ထို့ကြောင့် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရပါတယ်။ ဆရားလေးချန်ဟာ သူမရဲ့ တရားထိုင်ခြင်းတစ်ဖြတ်ပြီးဆုံးတဲ့အခါတိုင်း ဆရာတော်ရဲ့ တရားသင်ပြခြင်းကို နာယူလိုတဲ့အတွက် နောက်အုပ်စုနှင့် တရားထိုင်ရန် နောက်ထပ်နာရီဝက်ခန့် အမြဲနေခဲ့တယ်။ ရလဒ်အနေဖြင့် ဆရာလေးချန်ဟာ ဆရာတော်ရဲ့ မေးခွန်းမှန်သမျှကို မှန်ကန်စွာဖြေဆိုနိုင်ခဲ့ပြီး တာဝန်အားလုံးကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဓမ္မကာယတရားကို သင်ယူလေ့လာရန် သာမန်မျက်စိနဲ့ မြင်သည့် အမြင်ထက်ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ လေးနက်တဲ့ တရားထိုင်ခြင်း ရှိရပါမယ်။ လူသားတွေရဲ့ ကန့်သတ်ချက်ထက် ကျော်လွန်တဲ့အရာတွေကို မြင်နိုင်ဖို့အတွက် ဉာဏ်ပညာကို ချဲ့ထွင်တဲ့ မှန်ဘီလူးအဖြစ် အသုံးပြုတာနဲ့ တူပါတယ်။ အလေ့အကျင့်နှင့် ဇွဲရှိရှိဖို့လည်း လိုအပ်ပါတယ်။ စိတ်လေးကို ခန္ဓာကိုယ်ရဲ့အလယ်မှာ အမြဲထားဖို့လည်း လိုအပ်ပါတယ်။ အမြဲတမ်း အရာရာကို အကောင်းဆုံးလုပ်ဆောင်တတ်သူတစ်ဦးအနေဖြင့် ဆရာလေးချန်ဟာ ဓမ္မကာယတရားမှာ အလွန်ကျွမ်းကျင်ပြီး တိကျသူဖြစ်သောကြောင့် ဆရာတော်မှ နံပါတ်၁ “နှစ်ယောက်မရှိ” ဟု ချီးကျူးခဲ့ပါတယ်။

တပည့်အားလုံးအား ဆရာတော်မှ အစည်းအဝေးခေါ်ခြင်း။

(၁၉၅၄) ဝပ်ပါနမ်ဆရာတော်သည် ငါးနှစ်အကြာတွင် ပရိနိဗ္ဗာန်စံနိုင်ကြောင်း အသိပေးရန်အတွက်  တပည့်များအားလုံး အစည်းအဝေးခေါ်ကာ ဓမ္မကာယတရားဟာ အလွန်အရေးကြီးပြီး အကျိုးကျေးဇူးများစွာရှိတဲ့အတွက် ထိုတရားကို ကမ္ဘာတစ်ဝှမ်းလုံးသို့ ပြန့်ပွားအောင် ကူညီလုပ်ဆောင်ပေးရန် တပည့်အားလုံးကို တောင်းဆိုခဲ့ပါတယ်။ (ဆရာလေးချန်ဟာ အသက် ၄၅ နှစ်ဖြစ်သည်)။

(၁၉၅၉) ဝပ်ပါနမ်ဆရာတော်ဟာ ၁၉၅၉ ခုနှစ်၊ဖော်ဝါရီလ ၃ရက်နေ့ ညနေ ၃နာရီတွင် ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်ပျံလွန်တော်မူပြီးနောက် တပည့်အချို့ဟာ နေရာ အရပ်ရပ်သို့ ကွဲကွာသွားကြတယ်။ ဆရာလေးချန်ဟာ ဆရာကြီးထောင်စု (Tongsuk) နဲ့အတူ ဝပ်ပါနမ်ရှိ သုံးထပ်အိမ်တွင် တရားထိုင်ရင်း အသက်အရွယ်ကြီးရင့်သော ဆရာကြီးထောင်စု  (Tongsuk) ကို ပြုစုစောင့်ရှောက်နေခဲ့ပါတယ်။ (နွန်ချန်းဟာ အသက် ၅၀ဖြစ်တယ်)။

ဆရာကြီးထောင်စု (Tongsuk ) ဖျားနာပြီး ဆုံးသွားခြင်း။

၁၉၆၀တွင် ဆရာကြီးထောင်စု (Tongsuk) ဟာ သားအိမ်ကင်ဆာ နောက်ဆုံးအဆင့်ဖြင့် နာမကျန်းဖြစ်ခဲ့ပါတယ်။ ထိုခေတ်အခါက ကုသရန် ဆေးဝါးမရှိတဲ့အတွက် သားအိမ်ကင်ဆာ ဝေဒနာရှင်များထံမှ အပုပ်နံ့ ထွက်တတ်ပါတယ်။ ဆရာကြီးထောင်စု (Tongsuk) ၏ တပည့်တစ်ဦးဖြစ်တဲ့ ဆရာလေးချန်ဟာ သူမ၏ဆရာကို အထင်အမြင်သေးခြင်းမျိုး ခံစားရခြင်း၊ ပြသခဲ့ခြင်းမရှိပေ။ အဲဒီအစား သူမဟာ ဆရာကြီးထောင်စု (Tongsuk) အား သန့်ရှင်းပေးပြီး နိုင်ငံအနှံ့မှ ဆရာကြီး ထောင်စု(Tongsuk) ၏ တပည့်များ လာရောက်လည်ပတ်ရာတွင် အနံ့အသက်ဆိုးများ အနံ့အသက်မရှူနိုင်စေရန် သူမ၏အ၀တ်သင်္ကန်းများကိုလည်း မကြာခဏလျှော်ဖွပ်ပေးပြီး အနံ့အသက်ပျောက်ကင်းစေရန် ထိုင်းရိုးရာအမွှေးရည်ကို မကြာခဏ ဖြန်းပေးပါတယ်။ ချန်ဟာ ဆရာကြီးထောင်စု (Tongsuk) ၏နောက်ဆုံးအချိန်အထိ အနီးကပ်ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ (ထိုအချိန်က ဆရာလေးချန်းဟာ အသက် ၅၁ နှစ်ဖြစ်ပါတယ်)

သူမရဲ့ အထင်ကရ ကျောင်းသားများနှင့် တွေ့ဆုံခြင်း။

ဓမ္မကယတရားကို သာသနာပြုရန် စိတ်တွင် စွဲစွဲမြဲမြဲ မှတ်သားလျက် ဆရာလေးချန်ဟာ ဆရာတော်ကြီးရဲ့ အမိန့်တော်အတိုင်း ဝပ်ပါနမ်၌သာ နေခဲ့ပါတယ်။

၁၉၆၃တွင် ကေဆေဆက်တက္ကသိုလ်မှ ကျောင်းသားဖြစ်တဲ့ ချိုင်ရာဘွန်ဆုထိဖွန်း (လက်ရှိ ဆရာတော် ဓမ္မဇယော)ဟာ ဗုဒ္ဓဘာသာကို စိတ်ဝင်စားကာ ခွန်ယိုင်လို့ခေါ်တဲ့ ဆရာလေးချန်ထံမှာ တရားထိုင်ခြင်းကို သင်ယူရန် လာခဲ့ပါတယ်။ “ခွန်ယိုင်” ဟူသော စကားလုံးသည် ထိုင်းလို “အဖွား” ဟု အဓိပ္ပါယ်ရပါတယ်။ အသက်အရွယ်ကြီးသော အမျိုးသမီးကို ရိုသေလေးစားသောအားဖြင့် ခေါ်ခြင်းဖြစ်ပါတယ် ။ ချိုင်ရာဘွန်ဟာ အချိန်တိုအတွင်း ထူးထူးခြားခြား တိုးတက်အောင်မြင်ပြီး ခွန်ယိုင်ထံမှ လေးနက်သော ဓမ္မကာယတရားအသိကို သင်ယူခဲ့ပါတယ်။ (ထိုအချိန်က ခွန်ယိုင်ဟာ အသက် ၅၄ နှစ်ဖြစ်ပါတယ်)

 ၁၉၆၆တွင်   ဖ‌‌‌‌နင့် ခေါ်   Phadet Pongsawat (လက်ရှိ ဆရာတော် ဒတ္တဇေဝေါ) သည် ချိုင်ရာဘွန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ၊ ဖ‌‌‌‌နင့် (Phadet)ဟာ နိဗ္ဗာန်နှင့် ငရဲအကြောင်းလေ့လာရန် စိတ်ဝင်စားနေပြီဖြစ်တယ်။ ထို့ကြောင့် သူဟာ ခွန်ယိုင်နှင့် တွေ့ချင်ခဲ့တယ်။ ချိုင်ရာဘွန်ဟာ သူ့အား ခွန်ယိုင်ထံ ခေါ်သွားပြီးနောက် ခွန်ယိုင်ရဲ့ တရားထိုင်တပည့်တစ်ယောက် ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ ၎င်းတို့နှစ်ဦးစလုံးဟာ ခွန်ယိုင်နဲ့အတူ တရားထိုင်ရန် သူတို့ရဲ့ စီနီယာ ဂျူနီယာ ကျောင်းသားများကို ဖိတ်ခေါ်ခဲ့ပါတယ်။ (ထိုအချိန်က ခွန်ယိုင်ဟာ အသက် ၅၇ နှစ်ဖြစ်ပါတယ်)

ဓမ္မပရာဆစ်ကျောင်း

(၁၉၆၇) နှစ် 20 ကျော်ကြာတိုင်အောင် ခွန်ယိုင်နေထိုင်ခဲ့တဲ့ ကျောင်းငယ်လေးဟာ တရားထိုင်သူများနှင့် ပြည့်နေခဲ့ပါတယ်။ တခါတရံမှာ အထူးသဖြင့် လတစ်လရဲ့ ပထမဆုံး တနင်္ဂနွေနေ့တွင် လူတွေဟာ ကျောင်း အပြင်ဘက်မှာသာ ထိုင်ဖို့နေရာရခဲ့တယ်။ (ထိုအချိန်က ခွန်ယိုင်ဟာ အသက် ၅၈ နှစ်ဖြစ်ပါတယ်)

တပည့်များဟာ ခွန်ယိုင်အတွက် နှစ်ထပ်ပျဉ်ထောင်ကျောင်းအသစ်ကို ကျောင်းဟောင်းနဲ့ နီးတဲ့ ဝပ်ပါနမ်မြောက်ဘက်ခြမ်းမှာ ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ချိုင်ရာဘွန်ဟာ ရန်ပုံငွေရှာဖွေရေးအဖွဲ့မှာ ခေါင်းဆောင်ဖြစ်ပါတယ်။ အဆိုပါကျောင်းကို ဝပ်ပါနမ်ကျောင်းတွင် တရားဝင်လှူဒါန်းခဲ့ပြီး ဝပ်ပါနမ်ရဲ့ ဒုတိယဆရာတော် Phrabhavanakosolthera (ဆရာတော်လက်ခ်) မှ “ဓမ္မပရာဆစ်ကျောင်း” လို့ အမည်ပေးခဲ့ပါတယ်။

(၁၉၆၈) ဓမ္မပရာဆစ်ကျောင်းဟာ အထူးသဖြင့် လတစ်လရဲ့ ပထမဆုံးတနင်္ဂနွေနေ့တွင် တရားအားထုတ်သူများနှင့် ပြည့်နေခဲ့ပါတယ်။ အပေါ်ထပ်တစ်လျောက်လုံးနှင့် လှေကားအတက်အဆင်း၊ မြေညီထပ်၊ ကျောင်းရှေ့မြက်ခင်းအပြင် ဂိတ်ပေါက်ဝအထိ တရားထိုင်သူမျာနဲ့ ပြည့်နေတတ်ပါတယ်။ တစ်ကျောင်းလုံးဟာ တရားထိုင်လာကြသူတွေနဲ့ ပြည့်နှက် စည်ကားနေပါတယ်။ (ထိုအချိန်က ခွန်ယိုင်ဟာ အသက် ၅၉ နှစ်ဖြစ်ပါတယ်)

ချိုင်ရာဘွန် သာသနာ့ဘောင် ဝင်ရောက်ခြင်း

(၁၉၆၉) သချိုင်ရာဘွန်ဟာ ၁၉၆၉ခုနှစ်တွင် ကေဆေဆက်စိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ရပြီးတဲ့နောက် ခွန်ယိုင်အနေဖြင့် ချိုင်ရာဘွန်ဟာ လောကီပညာကို တတ်မြောက်ပြီး ထိုနှစ်၏ ဝါတွင်းကာလတွင် သာသနာပြုသင့်တယ်လို့ မြင်ခဲ့ပါတယ်။ ဘုန်းကြီးဖြစ်လိုတဲ့ သူရဲ့ ဆန္ဒအတိုင်း ချိုင်ဟာရာဘွန် ၁၉၆၉ ခုနှစ် သြဂုတ်လ ၂၇ ရက်၊ နဝမမြောက် လပြည့်နေ့ဖြစ်မှာ ဝပ်ပါနမ်ကျောင်းတိုက်ဆရာတော် Phrathepwarawati (later became H.H. Somdej PhraMaharatchamongkhalachan)ထံတွင် သာသနာ့ဘောင်ဝင်ခဲ့ပါတယ်။ “တရားဓမ္မတို့ဖြင့်အောင်မြင်သူ” ဟု အဓိပ္ပါယ်ရသော “ဓမ္မဇယော” ဟူသော ဘွဲ့အမည်ကို ရခဲ့ပါတယ်။ (ခွန်ယိုင် အသက် ၆၀ နှစ်)

 

ကျောင်းဆောင်သစ် တည်ဆောက်ရန် ဆုံးဖြတ်ချက်

(၁၉၆၉) ရဟန်းဘောင်ဝင်သည့် ပထမဆုံးနှစ်ဖြစ်သော်လည်း ဆရာတော်ဓမ္မဇယောဟာ တရားအားထုတ်ရန် သင့်တော်တဲ့ နေရာသစ်တစ်ခု ဖန်တီးပြီး ဓမ္မကာယတရား ပြန့်ပွားဖို့ လုပ်ဆောင်ရန် ခွန်ယိုင်အား ပြောခဲ့ပါတယ်။ လုံဖောဝပ်ပါနမ် ဟောပြောသော ဓမ္မကာယတရားကို ဖြန့်ဝေရန်မှာ ခွန်ယိုင်၏ ရည်ရွယ်ချက် ဖြစ်သောကြောင့် ခွန်ယိုင်ဟာ ကျောင်းဆောင်သစ် တည်ထောင်ရန် စိတ်ကူးကို လုံး၀ သဘောတူခဲ့ပါတယ်။ (ခွန်ယိုင် အသက် ၆၀ နှစ်)။

1969   အလှူရှင်လေဒီပရာယတ် (Lady Prayad Pattayapongsavisuttabodi )သည် ဘုရားကျောင်းသစ်အတွက် ပထုံဌာနီ (Pathum Thani) ပြည်နယ် ကန့်ဆမ်ခရိုင် ကန့်ဆမ်ခရိုင်ရှိ 77 ဧကကျယ်သော မြေကွက်ကို လှူဒါန်းခဲ့သည်။ (ခွန်ယိုင် အသက် ၆၀ နှစ်)

Celibacy ကို ကျင့်ကြံရန် Phadet ၏ ဆုံးဖြတ်ချက်
(၁၉၇၀) နှစ်အစပိုင်းလောက်မှာ ဖနင့် (Phadet ) က သူရဲ့ Practice Celibacy ကြေငြာခဲ့ပါတယ်။ ထို့နောက် ခွန်ယိုင်ဟာ မြေ ၇၇ ဧက ကျယ်ဝန်းသော မြေကွက်ကို ကြည့်ကြပ်ပြီး ကျောင်းဆောင် တည်ဆောက်မှုတွင် ကြီးကြပ်ရန် ဖနင့် (Phadet) အား တာဝန်ပေးအပ်ခဲ့ပါတယ်။ ဆရာတော်ဓမ္မဇယောနဲ့ ခွန်ယိုင်တို့ဟာဓမ္မပရာဆစ်ကျောင်းတွင် တရားထိုင်ခြင်းကို သင်ပြပြီးနှင့် ဘုရားကျောင်းဆောက်လုပ်ခြင်းအတွက် အလှူငွေကောက်ခံခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ထိုအချိန်က ဘုရားကျောင်းဆောက်ရန် ကနဦးရန်ပုံငွေမှာ ဘတ်ငွေ ၃၂၀၀ (အမေရိကန်ဒေါ်လာ ၁၆၀နှင့်ညီမျှသည်၊ ၁၉၇၀ ခုနှစ်) သာရှိခဲ့သည်။  (ဖွားဖွားခွန်ယိုင် အသက် ၆၁ နှစ်)
ကျောင်းဆောင်သစ်တစ်ဆောင် တည်ထောင်ခြင်း။

(၁၉၇၀) ၁၉၇၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ မာခပူဇာ Magha Puja (တတိယမြောက်လပြည့်နေ့) တွင် ဆရာတော်ဓမ္မဇယောနဲ့ ခွန်ယိုင်တို့ ဦးဆောင်ပြီး “ဗုဒ္ဓစက္က တရားစခန်း” တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက တရားဝင် ဘုန်းကြီးကျောင်း မဖြစ်သေးပါဘူး။ ထိုအချိန်မှစပြီး ခွန်ယိုင်ဟာ ဘုရားကျောင်း ဆောက်လုပ်ရန်အတွက် အဖွဲ့အား ပံ့ပိုးမှု အမျိုးမျိုး‌ပေးခဲ့ပါတယ်။ (ဖွားဖွားခွန်ယိုင် အသက် ၆၁ နှစ်)

Phadet သာသနာ့ဘောင်ဝင်ရောက်ခြင်း။

 (၁၉၇၁) ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖနင့် (Phadet)ဟာ ဝပ်ပါနမ်ကျောင်း၌ သာသနာပြုခဲ့ပြီး ဆရာတော်ဒတ္တဇေဝေါဟူသော ဘွဲ့အမည်ကို ခံယူခဲ့ပါတယ်။ ရဟန်းဘောင် ဝင်ပြီး တစ်ပတ်အကြာမှာ ခွန်ယိုင်ဟာ လုံဖောဒဿဇေဝေါအား တရားစတင်ဟောကြားရန် တောင်းဆိုခဲ့ပါတယ်။ (ခွန်ယိုင် အသက် ၆၂ နှစ်)

ပထမဆုံး ဓမ္မဒါနသင်တန်းအစီအစဉ်

(၁၉၈၇၂) ဆရာတော်ဓမ္မဇယောဟာ လူငယ်များနှင့် လူအများအား ဓမ္မစာပေများကို စာတွေ့ လက်တွေ့နှစ်မျိုးလုံး သင်ကြားလေ့ကျင့်ပေးပြီး ဘဝအရည်အသွေး မြှင့်တင်ရန်အတွက် အရေးကြီးဆုံး အခြေခံအုတ်မြစ်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် အာရုံစိုက် သင်ကြားရန် ရည်ရွယ်ခဲ့ပါတယ်။ ထို့အပြင် ခွန်ယိုင်ကလည်း ထိုသင်တန်းအဖွဲ့ဝင်များဟာ ဓမ္မကာယတရား ပြန့်ပွားရေးတွင် ပါဝင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ထို့ကြောင့် မကြာသေးမီက အဆောက်အအုံမရှိ၊ ထမင်းစားဆောင်နှင့် တရားထိုင်ခန်းမပင် မရှိသေးဘဲ တူးထားသော မြောင်းများနှင့် တာရိုးများကြားတွင် တက်ရောက်လာကြသော စာသင်သား စုစုပေါင်း ၆၀ ဦးနှင့် ဓမ္မဒါနသင်တန်းနှင့် ၁၉၇၂ ခုနှစ်တွင် ပထမအကြိမ် စီစဉ်ကျင်းပခဲ့ပါတယ် (ခွန်ယိုင် အသက် ၆၃ နှစ်)

စနေ၊ တနင်္ဂနွေ နေ့များတွင် ဓမ္မကို သင်ကြားပြီး ပိတ်ရက်တွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရာတွင် ကြည့်ကြပ်ခြင်း။

(၁၉၇၀-၁၉၇၄) ခွန်ယိုင်နှင့် လုံဖောဓမ္မဇယောတို့ဟာ ဓမ္မပရာဆစ်ကျောင်းတွင် ဓမ္မကို တနင်္လာနေ့မှစပြီး သောကြာနေ့အထိ သင်ကြားပို့ချခဲ့ပါတယ်။ စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် ၎င်းတို့ဟာ ဆောက်လုပ်ရေးကြီးကြပ်ရန် ၇၇ ဧကကျယ်ဝန်းသော မြေကွက်သို့ လာရောက်ခဲ့ပါတယ်။

(၁၉၇၃) ………………နေ့တွင် ကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင် ကူညီစောင့်ရှောက်ပေးခဲ့သော ခွန်ယိုင်ရဲ့ တပည့်သံဃာတွေဟာ ဝပ်ပါနမ်မှ ဗုဒ္ဓစက္ကတရားစခန်း သို့ အပြီးအပိုင် ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ခွန်ယိုင်ဟာ ဓမ္မပရာဆစ်ကျောင်းတွင်ရှိနေဆဲဖြစ်ပြီး ၎င်းတို့ထံ အထောက်အပံ့ပစ္စည်းများ ဆက်လက်ပေးပို့ခဲ့ပါတယ်။ (ခွန်ယိုင် အသက် ၆၄ နှစ်)

ခွန်ယိုင်သည် ဗုဒ္ဓချာ့တရားစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။

(၁၉၇၅) ၁၉၇၅ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ခွန်ယိုင်ဟာ ဓမ္မာပရာဆစ်ကျောင်းမှ ဗုဒ္ဓချာ့တရားစခန်းသို့ အပြီးအပိုင် ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ပိုင်နက်စည်းကျော်ခြင်းကို တားဆီးရန်အတွက် ခြံတံတိုင်းကို ခိုင်ခံ့အောင် တည်ဆောက်ရန် ဆောင်လုပ်သူအဖွဲ့အား ဦးစွာ တောင်းဆိုခဲ့ပါတယ်။ ထို့နောက် သူမဟာ လုံဖောထံမှ သူမသင်ယူခဲ့တဲ့ စည်းကမ်းချက်တွေကို အခြေခံပြီး ဧည့်သည်များကို ပစ္စည်းများ စည်းစနစ်ကျကျ ထားရှိတတ်စေရန် စည်းကမ်းများကို ချမှတ်ခဲ့ပါတယ်။ ဤစည်းကမ်းချက်များကို လူတိုင်းဖတ်နိုင်ရန် အဆောက်အအုံတစ်ခု၏ နံရံပေါ်တွင် ရေးတင်ထားပါတယ်။ ထို့အပြင် ခွန်ယိုင်သည် ပိုမိုစည်းစနစ်ကျရန်အတွက် စည်းကမ်းများစွာကိုလည်း ချမှတ်ခဲ့ပါတယ်။ ထိုအချိန်က ရဟန်းအားလုံးဟာ ရဟန်းဘောင်သို့ ဝင်ရောက်သည့် သက်တမ်းမကြာသေးသောကြောင့် ခွန်ယိုင်က “ရဟန်းငယ်များဟာ လေးနက်သော တရားဓမ္မကို သင်ကြားပို့ချခြင်း မပြုနိုင်ကြသေးသော်လည်း လူဝတ်ကြောင်များအတွက် စံနမူနာကောင်းများ ဖြစ်ရမယ်။ အသေးအမွှားလေးဖြစ်ရင်တောင်မှ ကောင်းစွာစီမံရမယ်။ ဖိနပ်၊ တံမြက်စည်း၊ အဝတ်စုတ်၊ အမှိုက်ပုံး အစရှိတဲ့ ကျွန်ုပ်တို့ရဲ့နေ့စဉ်သုံး ပစ္စည်းများကိုလည်း သပ်ရပ်စွာ အစီအရီထားရပါမယ်။ ထိုသို့ စနစ်တကျ သပ်သပ်ရပ်ရပ် စီစီရီရီထားခြင်းဟာ  ကျွန်တော်တို့ရဲ့ စိတ်တွေကို အေးချမ်းစေတဲ့အပြင် လာရောက်တရားအားထုတ်သော  ဧည့်သည်တွေကလည်း ဒီပစ္စည်းတွေကို သပ်သပ်ရပ်ရပ် စီစဥ်တတ် အဲဒီအလေ့အကျင့်ကို စံနမူနာယူတတ်လာပါလိမ့်မယ်။

ဓမ္မကာယကျောင်းတိုက်ဟု အမည်ပြောင်းခြင်း။

(၁၉၈၁) ၁၉၈၁ ခုနှစ်တွင် “ဗုဒ္ဓစက္ကတရားစခန်း” ကို “ဓမ္မကာယကျောင်းတိုက်” ဟု အမည်ပြောင်းလဲခဲ့ပြီး တရားဝင် ဘုရားကျောင်းဖြစ်လာခဲ့ပါတယ်။ (ခွန်ယိုင် အသက် ၇၂ နှစ်)

ဧက 800 ကျယ်ဝန်းသော မြေကွက်ကို ထပ်မံရယူပြီး ဓမ္မရုံကြီး (Sapha Dhammakaya)ကို တည်ဆောက်ခြင်း။

(၁၉၈၅) တရားအားထုတ်လာကြသော  လူများများလာတဲ့အတွက် မူလ မြေ 77 ဧကရှိ စုဝေးခန်းမဟာ  ပရိသတ်များ တည်းခိုဖို့ လုံလောက်ခြင်း မရှိခဲ့ပေ။ ဆရာတော်ဓမ္မဇယော၊ခွန်ယိုင် နှင့် ဓမ္မကာယဖောင်ဒေးရှင်းတို့ဟာ ဧက ၈၀၀ ကျယ်ဝန်းသော မြေကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ထိုင်ရန် ကွန်ကရစ် ကြွေပြားပြားခင်းပြီး ဓနိမိုးထားသော ယာယီ ခန်းမအသစ်ကို ဆောက်လုပ်ပြီး Sapha Dhammakaya ဟု အမည်ပေးခဲ့ပါတယ်။ လူဦးရေ ၁၂၀၀၀ ဆံ့တဲ့ ကျောင်းဆောင်ဖြစ်ပါတယ်။ (ခွန်ယိုင် အသက် ၇၆ နှစ်)

နောက်ပိုင်းတွင် ဘုရားကျောင်းသို့ ပရိသတ်များ များပြားလာရောက်ကြသည်နှင့်အမျှ မူလဓနိမိုး Sapha Dhammakaya ဟာ အလွန်သေးငယ်လာခဲ့ပါတယ်။ အခမ်းအနားပွဲကြီးများနှင့် အခြားသော ဓမ္မတရားစခန်းများတွင် ရွက်ဖျင်တဲများကို အသုံးပြုလာခဲ့ရပါတယ်။ ထို့ကြောင့် ဓမ္မကယာဖောင်ဒေးရှင်းမှ သာသနာပြုသူများနှင့်အတူ ဧက ၈၀၀ ကျယ်ဝန်းသော မြေကွက်တွင် လူ ၃၀၀,၀၀၀ ဆံ့သော နှစ်ထပ် ဘက်စုံသုံးခန်းမကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ပထမထပ်တွင် ကားအစီးရေ 10,000 ကျော်အတွက် ကားပါကင်နေရာ၊ အစည်းအဝေးခန်းများစွာနှင့် အိမ်သာသုံးပစ္စည်းများကို ထားရှိပါတယ်။

ကထိန်သင်္ကန်း ကပ်လှူပွဲ ဦးဆောင်ခြင်း။

(၁၉၈၈) ခွန်ယိုင်ဟာ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဓမ္မကာယကျောင်း၌ ပထမအကြိမ် ကထိန်သင်္ကန်း ကပ်လှူရန် ဦးဆောင်ခဲ့ပါတယ်။ (ဖွားဖွားခွန်ယိုင် အသက် ၈၀)

ဝပ်ပါနမ်ဆရာတော်ကြီး၏ ရွှေရုပ်တုအား သွန်းလုပ်ခြင်း။

(၁၉၉၄) ဆရာတော်ဓမ္မဇယော၊ ခွန်ယိုင်နှင့် သာသနာပြုသူများဟာ လုံဖောဝပ်ပါနမ်အား ကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် ဆရာတော်၏ ရွှေဆင်းတုတော်အား ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စည်းလုံးညီညွတ်စွာ သွန်းလုပ်ခဲ့ပါတယ်။ ဝပ်ပါနမ်ကျောင်းတိုက်ဆရာတော် Phra Dhammapanyabodi(later became H.H. Somdej Phra Maharatchamongkhalachan)သည်  အခမ်းအနားပွဲ၏ ဦးဆောင်ဆရာတော်ဖြစ်ပါတယ်။ (ဖွားဖွားခွန်ယိုင် အသက် ၈၅ နှစ်)

မဟာဓမ္မကာယစေတီကို တည်ဆောက်ခြင်း။

(၁၉၉၅)လုံဖောဓမ္မဇယော၊ ခွန်ယိုင်နှင့် ဘုရားဝတ်ပြုသူများဟာ မဟာဓမ္မကာယစေတီကို စတင်တည်ဆောက်ခဲ့ပါတယ်။ (ဖွားဖွားခွန်ယိုင် အသက် ၈၆ နှစ်)။ ကျောင်းတည်ဆောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။ မဟာဓမ္မကာယစေတီ အပြင်ဘက်တွင် ဓမ္မကာယ ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်ခြင်းကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။

ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်၏ ရွှေရုပ်တုကို သွန်းလုပ်ခြင်း။

 (၁၉၉၈) ၁၉၉၈ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဆရာတော်ဓမ္မဇယောနှင့် ဘုရားဝတ်ပြုသူများဟာ စည်းလုံးညီညွတ်စွာဖြင့် ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်(ခွန်ယိုင် အသက် ၈၉ နှစ်) ၏ ရွှေဆင်းတုတော်အား သွန်းလုပ်ရန် စီစဉ်ခဲ့ပါတယ်။

ဆရာ့ရွှေရုပ်တုကို သွန်းလုပ်ခြင်းဟာ ခွန်ယိုင်အပေါ် တပည့်များ၏ အကြီးမားဆုံးသော ကျေးဇူးတရားကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဖွားဖွား၏ ကျက်သရေရှိသော အလေ့အကျင့်များနှင့် လူသားတို့ထံ ပျော်ရွှင်မှုဆောင်ကြဉ်းပေးသည့် ကြီးမားသောစိတ်ဆန္ဒများကို အောက်မေ့ခြင်းဖြင့် ဤရုပ်တုအား သွန်းလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ လူဝတ်ကြောင်များဟာ ဖွားဖွားရဲ့ ဘဝအကြောင်း လေ့လာနိုင်ပြီး ကုသိုလ်ကောင်းမှုတွေလုပ်ပြီး “ပါရမီဖြည့်ကျင့်ရာတွင်” စံနမူနာထိုက်သူတစ်ဦးအဖြစ် မှတ်ယူနိုင်ပါတယ်။

အားနည်းလာခြင်း။

(၁၉၉၈-၂၀၀၀) ထိုခုနှစ်များတွင် ခွန်ယိုင်၏ ကျန်းမာရေး ဆိုးရွားလာပြီး အနားယူရန် လိုအပ်လာခဲ့တယ်။ ထို့ကြောင့် ခွန်ယိုင်သည် တပည့်များကို တွေ့ဆုံပြီး သင်ကြားပို့ချရန် အပြင်သို့ မထွက်နိုင်ခဲ့ပေ။ သို့သော်လည်း မဟာဓမ္မကာယစေတီ တည်ဆောက်မှုကို ကြည့်ရှုဖို့အတွက် ပုံမှန် ထွက်ကြည့်တတ်ပါတယ်။

ဖွားဖွားခွန်ယိုင် ကွယ်လွန်အနိစ္စရောက်ခြင်း။

 (၂၀၀၀) ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် နံနက်အစောပိုင်းတွင် ခွန်ယိုင်ဟာ သက်တော် ၉၁နှစ်အရွယ်တွင် ဘန်ကောက်မြို့၊ Kasemrad ဆေးရုံ၌ သက်ကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါတယ်။

မီးသင်္ဂြိုဟ်ပွဲ

(၂၀၀၀) ဆရာတော် ဓမ္မဇယောနှင့် တပည့်များဟာ ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်ကို ၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီ ၃ရက်နေ့တွင် ဝပ်ပရ ဓမ္မကာယ၌ မီးသဂြိုလ်ခဲ့ပါတယ်။ ထိုပွဲကို နိုင်ငံတစ်ဝှမ်းက ဘုန်းတော်ကြီးကျောင်းပေါင်း ၃၀,၀၀၀ ကျော်မှ သံဃာအပါး တစ်သိန်းကျော် တက်ရောက်ခဲ့ပါတယ်။

ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်၏ အောက်မေ့ဖွယ်ခန်းမ

ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး တိုးတက်ပြီး ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ တရားတော်များကို လိုက်နာကျင့်သုံးရင်း ကျင့်ကြံနေထိုင်နိုင်စေရန်အတွက် ဓမ္မကာယစေတီတည်ဆောက်ခြင်းမှာ မိမိဘဝကို မြှုပ်နှံခဲ့သောဆရာကြီးဖွားဖွားအား ဂုဏ်ပြုရန်အတွက် လုံဖော ဓမ္မဇယောနှင့် ဘုရားဝတ်ပြုသူများသည် “ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်” ၏ အောက်မေ့ဖွယ်ခန်းမကို ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ခွန်ယိုင်၏ ရွှေဆင်းတုတော်ကို  ဓမ္မကာယကျောင်းရဲ့  သိမ်တော်ကျောင်းရှိ ရေကန်၏အလယ်တွင် တည်ထားခဲ့ကြပါတယ်။ လာရောက်လည်ပတ်သူများဟာ ဗုဒ္ဓဘာသာနှင့် ဓမ္မကာယတရားအားဖြန့်ဝေပေးခဲ့သော ခွန်ယိုင်အား ဂါရဝပြုနိုင်ကြပါတယ်။ ရွှေတောင်ကြီးကဲ့သို့ ပေါ်လွင်သောနေရာအား  ကောင်းမြတ်သောတောင်အဖြစ် စံနမူနာပြထားပြီး ခွန်ယိုင်၏ ကြီးမားသောပံ့ပိုးကူညီမှုကို အမှတ်ရစေပြီး ပါရမီဖြည့်ကျင့်ရာတွင် သူမ၏လမ်းစဉ်အတိုင်းလိုက်ရန် စံနမူနာယူထိုက်ပါတယ်။

(၂၀၀၂) “ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်၏ အောက်မေ့ဖွယ်ခန်းမ” ကို ၂၀၀၂ ခုနှစ်၊မတ်လ ၁၄ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး အထွတ်ကို တပ်ဆင်ခြင်းကို ၂၀၀၃ ခုနှစ်၊စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြီးစီးခဲ့ပါတယ်။

ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်၏ ဆွမ်းစားဆောင်

ဆွမ်းအတွက် ပူပန်စရာမလိုဘဲ ဘုရားရှင်၏ အဆုံးအမများကို လေ့လာရာတွင်  အချိန်ပိုရစေရန်အတွက် “ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်၏ ထမင်းစားခန်းမ”

ကို ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၅ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပါတယ်။ ဘုန်းကြီးနှင့် သာမဏေပေါင်း ၆၀၀၀ ဆံ့သော စတုရန်းမီတာ ၃၂၀၀၀ ကျယ်ဝန်းသော ခန်းမကို ၂၀၀၄ ခုနှစ်၊ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်၏ နှစ်၁၀၀ပြည့် အဆောက်အဦး

(၂၀၀၉) ၂၀၀၉ ခုနှစ်ဟာ ခွန်ယိုင်၏ နှစ် ၁၀၀ ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဆရာတော် ဓမ္မဇယောမှ “ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်၏ နှစ်၁၀၀ပြည့် အဆောက်အဦး”

ကို တည်ဆောက်ခြင်းဖြင့် ခွန်ယိုင်အား ကျေးဇူးတင်ကြောင်း ပြသရန်အတွက် တပည့်အားလုံးအား အတူတကွ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့ပါတယ်။ အဆိုပါ အဆောက်အဦးကို ခွန်ယိုင်၏ ဝပ်ပရဓမ္မကာယအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ “သန့်ရှင်းသင်ကြယ်မှု၊ တောက်ပမှုနှင့် ငြိမ်းချမ်းမှု” ကို ထင်ဟပ်စေသည့် နေနှင့်လ ပုံသဏ္ဍာန်ရှိသော ကမ္ဘာလုံးဆိုင်ရာ စက်လုံးပုံသဏ္ဍာန် တည်ဆောက်ခဲ့တယ်။ ပြည်တွင်းပြည်ပ လှုပ်ရှားမှု အမျိုးမျိုးကို စုစည်းပြီး အကျင့်စာရိတ္တများကောင်းမွန်ရန်နှင့် ဗုဒ္ဓဘာသာကို ကမ္ဘာသို့ ပြန့်ပွားစေရန် အခြားဗုဒ္ဓဘာသာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ မတူညီတဲ့ ဌာနများစွာကို ထားရှိပြီး တည်ဆောက်ထားပါတယ်။

ဖွားဖွားသီလရှင်ဆရာကြီး ချန်ခွန်နွန်ယွန်ဟာ သူမဘဝ၏ အဆင့်တိုင်းတွင် စံနမူနာပြပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဝပ်ပရ ဓမ္မကာယ တည်ထောင်သူအပြင် ခွန်ယိုင်ဟာ  ဝပ်ပရ ဓမ္မကာယရဲ့ အောင်မြင်မှုအားလုံး၏နောက်ကွယ်မှ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူမရဲ့ အတွေး၊ အပြောနှင့် အလုပ်အကိုက်တွေဟာ သန့်ရှင်းစင်ကြယ်ပါတယ်။ ဖွားဖွားဟာ သူမ၏အလုပ်အားလုံးကို သန့်ရှင်းသပ်ရပ်စွာဖြင့် လုပ်ဆောင်ခဲ့ပြီး အံ့မခန်း ထိရောက်သော ရလဒ်များကို ပေးစွမ်းခဲ့ပါတယ်။ တရားထိုင်ခြင်းနှင့်ပတ်သက်၍ အမြင့်မြတ်ဆုံးသော စိတ်အနေအထားသို့ရောက်ရှိပြီး ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ကောင်းမှုကုသိုလ်တရားတွေကို လိုက်စားတဲ့ သူမရဲ့ အပြစ်ကင်းစင်တဲ့ အပြုအမူက မြတ်စွာဘုရားရဲ့ ခြေတော်ရာကို လိုက်လျှောက်တဲ့ ဘုန်းကြီးတစ်ပါးကို အမှတ်ရစေပါတယ်။ စာမတတ်သော်လည်း ဗုဒ္ဓဘာသာတွင် သူမ၏ အသိပညာဟာ အံ့မခန်းတိကျပြီး လေးနက်ပါတယ်။ သူမရဲ့ ဘဝတစ်ခုလုံး သီလသမာဓိနဲ့ ပြည့်နှက်နေတဲ့အတွက် ခွန်ယိုင်ဟာ ကျွန်တော်တို့ လေးစားကြည်ညိုရတဲ့ ကြီးမြတ်တဲ့ ဖွားဖွားသီလရှင်ဆရာကြီး တစ်ပါးလည်းဖြစ်ပါတယ်။